Events
2020 Hainan International Tourism Food Expo ပြပွဲကျင်းပမည်
Updated At: 2020-07-29 09:04:11
တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဟိုင်နန်ပြည်နယ်၊ ဟိုက်ခိုမြို့၌ “2020 Hainan International Tourism Food Expo” ကို ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၁၉ ရက်နေ့မှ ၂၂ ရက်နေ့ထိ ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာနမှတဆင့် ပြပွဲတက်ရောက်ပါရန် ဖိတ်ကြားလာပါသည်။ အဆိုပါပြပွဲတွင် ဟိုင်နန်ဒေသ၏ ခရီးသွားလုပ်ငန်းနှင့် စားသောက်ကုန်လုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်မှုများ ပိုမိုတိုးမြှင့်ဆောင်ရွက်နိုင် ရန်အတွက် ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ပါကြောင်း၊ ယင်းပြပွဲကို Hainan Provincial Department of Tourism, Culture, Radio, Television and Sports Hainan Provincial Department of Commerce နှင့် Haikou Municipal People’s Government တို့မှ ပူးပေါင်းကျင်းပခြင်းဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ၎င်းပြပွဲတွင် အမျိုးသားပြခန်းဆောင် ခင်းကျင်းပြသမည်ဆိုပါက ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင်များအတွက် အသွား/ အပြန် လေယာဉ် စရိတ်နှင့် ဟိုင်နန်မြို့တွင် နှစ်ည(သို့မဟုတ်)သုံးညတာ တည်းခိုနေထိုင်စရိတ် (ကိုယ်စားလှယ် ၂ ဦးထက်မပိုသော) အား ၎င်းတို့ဘက်မှ ကျခံပေးမည်ဖြစ်ပါကြောင်း၊ ပြပွဲနှင့်ပတ်သက်၍သိရှိလိုပါက Ms.Paul Yu၊ Tel: +86-0898-65354115၊ 13215779517(Wechat/ Phone)၊ Email:[email protected] သို့ ဆက်သွယ်ဆောင်ရွက်နိုင်ကြောင်း ဖော်ပြပါရှိပါသည်။ ပြပွဲဆိုင်ရာအချက်အလက်များသိရှိလိုပါက မြန်မာကုန်သွယ်မှုမြှင့်တင်ရေး အဖွဲ့၊ ကုန်သွယ်မှုဖွံ့ဖြိုးရေးဌာနခွဲ၊ ရုံးအမှတ်(၃)၊ နေပြည်တော်၊ ဖုန်း-၀၆၇-၃၄၀၈၆၀၈၊ ၀၆၇-၃၄၀၈၆၂၂၊ ၀၆၇-၃၄၀၈၆၂၃ နှင့် email: [email protected] နှင့် [email protected] သို့ ဆက်သွယ် မေးမြန်းနိုင်ပါကြောင်း အသိပေးပါသည်။
Event Details
- Date
- Updating
- Location
- တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဟိုင်နန်ပြည်နယ်၊ ဟိုက်ခိုမြို့
- Website
- www.myantrade.org
More Events
အက်ခ်မက်အဆင့်မြင့်အရာရှိကြီးများအစည်းအဝေးကျင်းပ
Date: 25th February 2026
အမျိုးသားပို့ကုန်မဟာဗျူဟာ (၂၀၂၆-၂၀၃၀) အကောင်အထည်ဖော်ရေး ညှိနှိုင်းအစည်းအဝေး
Date: 3rd, February 2026